နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်
Thursday, June 19, 2008
Sunday, June 8, 2008
Wednesday, June 4, 2008
လူုမှုကယ်ဆယ်ရေး စေတနာရှင်၊ အနုပညာရှင် ဇာဂနာကို စစ်အစိုးရက ဖမ်း
မိုးမခ
ဇွန် ၄၊ ၂၀၀၈
ရန်ကုန် စံတော်ချိန် ည ၁၁ နာရီက အနုပညာရှင် ဇာဂနာ၏ နေအိမ်ကို အထူးစုံစမ်းရေး၊ မြို့နယ်ရပ်ကွက် အာဏာပိုင်များအပါအ၀င် ပုဂ္ဂိုလ် ၉ ဦးဝင်ရောက်ပြီး ၄င်းအား စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။
ဇာဂနာ သည် နိုင်ငံရေး အကျဉ်းသားဟောင်း၊ စစ်အစိုးရက အနုပညာလှုပ်ရှားခွင့်များ ပိတ်ပင်ထားသော အနုပညာရှင်၊ ၂၀၀၇ သံဃာအရေးအခင်းတွင် အဖိနှိပ်ခံ သံဃာတော်များ၊ လူငယ်များဖက် ရပ်တည်သူ၊ ၂၀၀၈ မေ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို စေတနာဝန်ထမ်း ဦးဆောင်သူ ထင်ရှားသည့် အနုပညာရှင်တဦး ဖြစ်သည်။
စစ်အာဏာပိုင်များက နာဂစ်မုန်တိုင်းကယ်ဆယ်ရေး စေတနာဝန်ထမ်း လုပ်ကိုင်နေသူများကို ၄င်းတို့ စာနယ်ဇင်းများကနေပြီး တိုင်းပြည် အရှက်နှင့် သိက္ခာကို ထိန်းသိမ်းကြရန်၊ ဒုက္ခသည်များကို တောင်းရမ်းစားသောက်သူများအဖြစ် နိုင်ငံတကာအလည်မှာ မတင်ပြရန်၊ နိုင်ငံတော်က မုန်တိုင်းကယ်ဆယ်ရေးကို ကောင်းမွန်ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြောင်း စသည်တို့ဖြင့် ၀ါဒ ဖြန့်နေခဲ့သည်။
ဇာဂနာတို့၏ စေတနာဝန်ထမ်း ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စစ်အုပ်စုက နောက်ကွယ်မှနေပြီး နည်းမျိုးစုံဖြင့် အနှောက်အယှက်ပေးနေကြောင်း၊ မိတ်ဆွေ အနုပညာရှင်များဖြစ်သည့် အရိုင်း၊ ငှက်ပြောကြော်တို့ကို ကူညီစောင့်ရှောက်လုပ်ငန်းများနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေးကြောင်း၊ အကူအညီအရောက်နည်းသည့် ဒေသများကို သွားရောက်နိုင်ရေးအတွက် ကုလအဖွဲ့တခုကို ဇာဂနာက အကူအညီတောင်းခဲ့ရာတွင်လည်း ၄င်းအဖွဲ့က စစ်အုပ်စု ငြိုငြင်မည်ကို စိုးရိမ်ပြီး မိမိတို့ကို ငြင်းဆိုခဲ့ကြောင်း၊ နိုင်ငံတကာ၏ တရားဝင် အကူအညီများ ထိရောက်စွာ မရောက် ရှိသေးကြောင်း စသည် အတွေ့အကြုံနှင့် ခံစားချက်တို့ကို ပြည်သူသို့ လွတ်လပ်ပွင့်လင်းစွာဖြင့် ဇာဂနာက ဝေဖန်ပြောဆိုခဲ့သည်။
ဇာဂနာဦးဆောင်သည့် လူငယ်နှင့် အနုပညာရှင်များ၊ ကျော်သူ ရွှေဇီးကွက် ဦးဆောင်သည့် နာရေးကူညီမှု အသင်းကြီးတို့နှင့်အတူ မုန်တိုင်းကယ်ဆယ်ရေးကို မြန်မာလူငယ် စေတနာရှင် အစုအဖွဲ့များက စောလျင်စွာ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခဲ့ကြပြီး ဆရာတော်များ၊ သံဃာတော်များကလည်း တအပ်တအား ဆောင်ရွက်နေကြချိန်၊ မြန်မာပြည်တ၀ှမ်း လူထု လူတန်းစား အသီးသီးက စေတနာ ထက်သန်စွာ လိုက်လံ ၀ိုင်းယံနေကြချိန်တွင် စစ်အုပ်စုက ထိုသို့ ဇာဂနာကို ဖမ်းဆီးခြင်းဖြစ်သည်။
ဖမ်းဆီးသူများက ဇာဂနာ့အိမ်သားများကို သတင်းဌာနများသို့ အကြောင်းမကြားရန်နှင့် ဆွေးနွေးမှုများ ပြီးဆုံးပါက အမြန်ဆုံး အိမ်ပြန်ပို့ပေးမည် ဖြစ်ကြောင်း ပြောကြားသွားသည်ဟု သိရသည်။
Rest of your post
Posted by
ခြားနားသူ
at
8:57 PM
0
comments
Labels: သတင်း
Tuesday, June 3, 2008
မုန်တိုင်းဒုက္ခသည် ထက်ဝက် နီးပါး အကူအညီမရသေးဟု ကုလသမဂ္ဂပြော
၎ - ၆ - ၀၈
ပြီးခဲ့တဲ့လ အစောပိုင်းက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် ဒုက္ခရောက်သူ ၂.၄ သန်းမှာ တ၀က်လောက်ကသာ အကူအညီ အထောက်အပံ့တွေကို ရသေးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီအကူအညီ အထောက်အပံ့တွေကလည်း အမြဲတမ်းမရှိသလို မလုံ မလောက်ဖြစ်နေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဂျနီဗာမြို့ကနေ ဗွီအိုအေသတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
နှစ်ပေါင်း ၄၀ အတွင်း မကြုံစဖူး ပြင်းထန်တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီး ပြီးခဲ့တဲ့
တလကျော်က မြန်မာနိုင်ငံမှာ တိုက်ခတ်ခဲ့ရာမှာ လူပေါင်းထောင်သောင်းချီ သေဆုံးခဲ့
သလို သန်းနဲ့ချီပြည်သူတွေ ခိုကိုးရာမဲ့ ဒုက္ခရောက်ခဲ့ကြရပါတယ်။ မုန်တိုင်းဒဏ် အဆိုး
ရွားဆုံးထိခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက မုန်တိုင်းဒုက္ခသည် ၁.၃ သန်းဆီကို
အထောက်အပံ့ အကူအညီတွေ ပေးနိုင်ခဲ့ပြီလို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာ
ထောက်ထားမှု ကူညီကယ်ဆယ်ရေး အေဂျင်စီတွေက ပြောပါတယ်။
အခုလို ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးလုပ်ငန်း နောက်ဆုံးအခြေအနေတွေနဲ့
ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေး
ဆိုင်ရာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အယ်လိဇဘက်သ် ဘိုင်ယာစ် (Elizabeth Byrs) က အခုလိုပြောပါတယ်။
“အတိုင်းအတာ ဘယ်လောက်အထိ အကူအညီတွေကို ရနေသလဲဆိုတာနဲ့ပတ်သက်
လို့ ကျမတို့ နားလည်ရမှာက အခု မုန်တိုင်းဒုက္ခသည်တွေ အကူအညီရတယ်ဆိုတာက
ပုံမှန်ရနေတာမျိုး မဟုတ်ပါဘူး။ ဥပမာ ကျမတို့အနေနဲ့ အကူအညီတွေကို အမြဲတမ်း မထောက်ပံ့ပေးနိုင်သလို တခါတလေမှာ လိုအပ်တဲ့ အတိုင်းအတာအထိ ထောက်ပံ့
မပေးနိုင်ပါဘူး။ ဒါကြောင့်မို့လို့ လိုအပ်ချက်နဲ့အညီ ပုံမှန်ထောက်ပံ့ပေးသွားနိုင်အောင်
လုံလောက်တဲ့ အကူအညီ အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေပါတယ်။”
ဒါပေမယ့်လည်း မုန်တိုင်းတိုက်ခတ်ပြီးခါစ ရက်သတ္တပတ်တွေနဲ့ ယှဉ်ကြည့်ရင်တော့ အခုအခြေအနေက အများကြီး တိုးတက်လာတယ်လို့ ဆိုရမှာပါ။ နိုင်ငံတကာ အသိုင်း
အ၀ိုင်းရဲ့ ဖိအားအမျိုးမျိုးကြောင့် အစောပိုင်းက နိုင်ငံတကာ အကူအညီ အထောက်အပံ့
အများစုကို ငြင်းဆန်ခဲ့တဲ့ မြန်မာစစ်အစိုးရကလည်း ကန့်သတ်မှုတချို့ကို လျှော့ချပေးခဲ့
ပါတယ်။
အခုဆိုရင် ကူညီထောက်ပံ့ရေးပစ္စည်းတွေဟာ ရန်ကုန်မြို့ကို ပုံမှန်ရောက်ရှိနေပြီ ဖြစ်ပါ
တယ်။ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး လုပ်သားတွေအနေနဲ့လည်း မုန်တိုင်းဒုက္ခ
သည်တွေကို သွားရောက်ကူညီတဲ့နေရာမှာ အရင်ကထက်ပိုပြီး လွယ်လွယ်ကူကူ သွားလာလုပ်ကိုင်ခွင့်ရနေပြီလို့ မစ္စ ဘိုင်ယာစ်က ပြောပါတယ်။ မြန်မာစစ်အစိုးရကို
အသိပေးပြီး ၄၈ နာရီအတွင်း ကုလသမဂ္ဂ၀န်ထမ်းတွေ မုန်တိုင်းသင့်ဒေသတွေကို သွားရောက်ကူညီခွင့်ရတယ်လို့လည်း သူကပြောပါတယ်။
ဒါပေမယ့်လည်း တခြား အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ နိုင်ငံ
တကာ ကြက်ခြေနီအဖွဲ့ချုပ်တို့လို၊ နောက် ကလေးများ ကူညီကယ်ဆယ်ရေးအဖွဲ့
(Save the Children) လို အဖွဲ့တွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား ကျွမ်းကျင် လုပ်သားတွေကိုတော့ မြန်မာစစ်အစိုးရက အခုလိုအခွင့်အရေးတွေ အတူတူပေးမထား
ဘူးလို့ မစ္စ ဘိုင်ယာစ်က ပြောပါတယ်။ ဒီအကြောင်းကလည်း ဒုက္ခသည်တွေအတွက် အကူအညီတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အရေးမှာ အဟန့်အတား
ဖြစ်နေတယ်လို့ သူကဆိုပါတယ်။
“စစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံထဲမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေအားလုံး
ကို ပယ်ဖျက်ပေးဖို့ ကျမတို့ တိုက်တွန်းပါတယ်။ တကယ်လိုအပ်တဲ့နေရာတွေမှာ နိုင်ငံ
တကာ ကူညီကယ်ဆယ်ရေးလုပ်သားတွေ သွားရောက်ကူညီခွင့်ရဖို့ အရေးတကြီး
လိုအပ်နေလို့ပါ။”
မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာတွေမှာ ဘယ်လိုအကူအညီတွေ လိုအပ်တယ်ဆိုတာကို သေသေချာချာသိနိုင်ဖို့ အရေးကြီးတဲ့ စုံစမ်းလေ့လာမှုတွေကို နိုင်ငံတကာ ကျွမ်းကျင်
လုပ်သားတွေက စလုပ်နေကြပြီဖြစ်သလို ဒီလကုန်လောက်မှာ အစီရင်ခံစာ အပြည့်
အစုံ ထွက်လာဖို့ရှိတယ်လို့လည်း မစ္စ ဘိုင်ယာစ်က ပြောပါသေးတယ်။
တချိန်တည်းမှာပဲ မုန်တိုင်းဒုက္ခသည် ကယ်ဆယ်ရေးစခန်းတွေကို မြန်မာစစ်အစိုးရ
က လိုက်လံပိတ်ပစ်နေတာတွေ ရပ်တန့်ဖို့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ
က မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ အစိုးရအဆောက်အဦတွေမှာ ခိုလှုံ
နေကြရတဲ့ မုန်တိုင်းဒုက္ခသည်တွေကို အာဏာပိုင်တွေက နှင်ထုတ်ပြီး အပျက်အဆီး တွေသာကျန်ရစ်တဲ့ သူတို့ရဲ့နေရပ်ကို အတင်းပြန်ပို့နေတဲ့အတွက်လည်း လူ့အခွင့်
အရေးအဖွဲ့တွေက မြန်မာစစ်အစိုးရကို ဝေဖန်နေကြပါတယ်။
Posted by
ခြားနားသူ
at
10:08 PM
0
comments
Labels: သတင်း
၉၀ ပြည့် ရွေးကောက်ပွဲရလာဒ် ပျက်ပြယ်ပြီဆိုသည့် စစ်အုပ်စု၏ ဖေါ်ပြချက်များအား NLD ပယ်ချ
စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံမူကြမ်းကို ပြီးခဲ့တဲ့ လူထုဆန္ဒခံယူပွဲကတဆင့် ထောက်ခံမှု ရရှိခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် NLD ပါတီ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ရလာဒ်ကို ပယ်ဖျက်လိုက်သလို ဖြစ်သွားပြီလို့ စစ်အစိုရ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
၉၀ ခုနှစ်ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်အနိုင်ရခဲ့တဲ့ ရလာဒ်ဟာ ပျက်ပြယ်သွားတဲ့အကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတာပါ။
သတင်းစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်နံမည်နဲ့ NLD နံမည်တွေကို ဖော်ပြထားခြင်းမရှိပေမယ့် အတိုက်အခံတွေအနေနဲ့ အုပ်ချုပ်ပိုင်ခွင့် အာဏာရဖို့ စစ်အစိုးရပြောထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ယှင်ပြိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၉၈% မဲပေးခဲ့တဲ့အထဲက ၉၂%က ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထောက်ခံခဲ့တယ်လို့ စစ်အစိုးရက ပြောပေမယ့် NLD ကတော့ ဒီရလာဒ်ကို ပယ်ချထားပါတယ်။
VOA (03 – 06 – 08)
Rest of your post
Posted by
ခြားနားသူ
at
9:39 PM
0
comments
Labels: သတင်း
လူထုဆန္ဒခံယူပွဲအား မိထ္ထိလာ NLD ကန့်ကွက်ရှုံ့ချ
Posted by
ခြားနားသူ
at
8:18 PM
0
comments
Labels: သတင်း
Wednesday, October 17, 2007
Posted by
ခြားနားသူ
at
1:30 AM
0
comments
Labels: သတင်း
Sunday, October 7, 2007
Saturday, October 6, 2007
ဘာသာပေါင်းစုံဆုတောင်းပွဲ
တန်ခိုးကြီးဘုရားများ၊ ဗလီများ၊ ဘုရားကျောင်းများ အားလုံးမှာ ၀တ်ပြုဆုတောင်းမှုတွေကို ကျွန်တော်တို့ ပြုလုပ်ကြပါမယ်. ဖယောင်းတိုငတွေကို ထွန်းညှိပြီးတော့ ဆုတောင်းကြမှာ ဖြစ်ပါတယ်.
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ယူနီဖောင်းဝတ်ပြီးတော့ ဘယ်လိုရာဇ၀တ်မှုမျိုးကိုမဆို ကျူးလွန်လို့ရတယ်ဆိုတဲ့ စနစ်၊ မုဒိန်းမှုတွေ၊ လူသတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ လုယက်မှုတွေ ကြိုက်တဲ့ရာဇ၀တ်မှု မှန်သမျှကို ကျူးလွန်လို့ရတယ်ဆိုတဲ့ စနစ်ကို ကျွန်တော်တို့ လက်မခံတော့ဘူး။
နှစ်ပေါင်းများစွာ ကျွန်တော်တို့ ပြည်သူတွေ ခံစားခဲ့ရတဲ့ဒုက္ခတွေ၊ မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက်မှာ ပြည်သူတွေရဲ့ မျက်ရည်တွေ၊ ငိုရှိုက်သံတွေနဲ့ နာကြည်းတောက်ခေါက်သံတွေ၊ သံဃာတွေရဲ့သွေးတွေ အားလုံးအတွက်ကို ကျွန်တော်တို့ တုံ့ပြန်ကြရပါတော့မယ်။
အဲဒီ့ကြေကွဲမှုကို ကျွန်တော်တို့ ယုံကြည်မှုနဲ့ တုံ့ပြန်ပါမယ်။
မြန်မာနိုင်ငံရဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်းဆိုတဲ့ ယုံကြည်မှုနဲ့ တုံ့ပြန်ပါမယ်.
(ကိုဌေးကြွယ်)
Rest of your post
Posted by
ခြားနားသူ
at
8:15 PM
0
comments
Labels: သတင်း
သားသုံးသားစီမံချက်သတင်းကြောင့် ကိုယ်ဘ၀ကtိုယ် ရင်လေးနေရသည့် အဓမ္မဂိုဏ်းသားတဦး
Posted by
ခြားနားသူ
at
7:59 PM
0
comments
Labels: သတင်း
Posted by
ခြားနားသူ
at
7:35 PM
0
comments
Labels: သတင်း
ကြိုတင်လက်နက်ချရန်တောင်းဆိုထားသော စစ်အုပ်စု၏ တောင်းဆိုမှုအား NLD မှ ပါယ်ချ
5 - 10 - 2007
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပယ်ချလိုက်သည်။
သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲကို ဖြိုခွင်းရန် စစ်တပ်စေလွှတ်ခဲ့သည့်အတွက် နိုင်ငံတကာ၏ ဒေါသူပုန်ထမှုကို ရင်ဆိုင်နေရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်သည် ထိပ်တိုက်ရင်ဆိုင်မှုကို စွန့်လွှတ်ရမည်၊ အဖျက် အမှောင့် လုပ်ရပ်များ မပြုရ၊ စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံခြင်းနှင့် “လုံးဝဥဿုံ ပျက်စီးစေခြင်း”အဆိုရှိ အမျိုးအမည် မသိရသည့် အရာကို ရပ်တန့်ရမည်ဟု တောင်းဆိုကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အေဘရာဟင် ဂန်ဘာရီက ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သည်။
“သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို သူ မကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ၀န်ခံခိုင်းနေတာပဲ”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားသည်။
ယမန်နေ့က အစိုးရ မီဒီယာများမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်း ထုတ်လွှင့်ခဲ့ သည်။
“မတွေ့ရသေးခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား အညံ့ခံခိုင်းနေမှတော့ ဒီတွေ့ဆုံမှုက ဘယ်လို အကျိုးရှိမယ်ဆိုတာ မြင်ဖို့ တော်တော်ခက်တယ်”ဟု ဂျော့တောင်းတက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်စတိန်းဘာ့ဂ်က ရိုက်တာ ရုပ်သံသတင်းတွင် ပြောကြားသည်။ “ဒါဟာ ဆိုက်ကို ပရိယာယ် တခုပဲ။ တချိန်တည်းမှာပဲ စစ်တပ်ဟာ ဘာကိုမှ ၀န်ခံတာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်”ဟုလည်း ဆက်လက် သုံးသပ်သည်။
ဟစ်တိုင်
Rest of your post
Posted by
ခြားနားသူ
at
12:23 AM
0
comments
Labels: သတင်း
ကရင်နီတပ်မတော်မှ နအဖ စခန်းတခုအား သိမ်းပိုက်
5 10 2007
ကရင်နီတပ်မတော်မှ လွိုင်ကော်မြို့အနီးရှိ နအဖစခန်းတခုကို ယမန်နေ့ အရုဏ်တက်ချိန်တွင်
ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူ တဦးက ပြောသည်။
KNPP တွဲဖက်အတွင်းရေးမှူး ခူးဦးရယ်က ယမန်နေ့က ကရင်နီတပ်မတော်နှင့် နအဖ တပ်တို့ နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတခုတွင် နအဖဘက်မှ (၃) ဦးသေဆုံးကြောင်းနှင့် လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ပြောသည်။
၎င်းက “ပထမတိုက်ပွဲက မြို့တော်လွိုင်ကော်နဲ့ (၃) မိုင်လောက်သာဝေးတဲ့ နေရာမှာရှိတဲ့ နအဖရဲ့ ခလရ (၅၄) က စခန်းတခုကို စီးနင်းတိုက်ခိုက်တာ၊ မနက် (၅) နာရီလောက်မှာဖြစ်တယ်။ နအဖ စစ်သားအလောင်း (၃) လောင်းရတယ်၊ အမ်အေ (၄) လက်ရတယ်၊ ဘီအေ -၁၀၀ (၁) လက်
ရတယ်။ ခဲယမ်းအချို့သိမ်းဆည်းရမိတယ်လို့ ကျနော်တို့ ရှေ့တန်း တပ်ဖွဲ့ဆီက သတင်းဝင်လာ
ပါတယ်။ အဲဒီစခန်းက မြို့နဲ့တအားနီးတော့ ကျနော်တို့ ရေရှည်ထိန်းထားလို့ရတဲ့ အခြေနေတော့ မဟုတ်ဘူး” ဟု ပြောသည်။
အလားတူ ယမန်နေ့ နံနက် (၈) နာရီခန့်တွင် ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာအနီးတွင် ခမရ (၃၃၇) စစ်ကြောင်းတခုနှင့် ကရင်နီတပ်ဖွဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲသတင်း အသေး စိတ်ကို မသိရသေးဟု ခူးဦးရယ်က ပြောသည်။
ခေတ်ပြိုင်
Rest of your post
Posted by
ခြားနားသူ
at
12:00 AM
0
comments
Labels: သတင်း
Friday, October 5, 2007
သမင်ဇာဆရာတော်ကြီး သပိတ်မလှန်
“ကျမတို့ သရက်ဘိလပ်မြေစက်ရုံက ၀န်ထမ်းတွေက အဲဒီဆရာတော်ဘုရားကြီးရဲ့ ကျောင်းကို ရောက်သွားတဲ့အခါ ဆရာတော်ဘုရားကြီးကို ၀င်ဖူးကြတယ်။ စက်ရုံဝန်ထမ်းတွေက ဘောင်းဘီတွေနဲ့ပေါ့၊ အမျိုးသားတွေကလေ။ ဆရာတော် ဘုရားကြီးကမေးခိုင်းတယ်။ မင်းတို့ အုပ်ချုပ်ရေးကလား၊ စစ်ကလား၊ ရဲကလား။ အုပ်ချုပ်ရေးတို့ စစ်တပ်တို့ ရဲတို့ကဆိုရင် ငါ့ဆီကို မလာနဲ့တော့။ ငါ သံဃာ့ကံဆောင်ထားပြီ။ အဲတော့ မင်းတို့လှူတာကိုလည်း ငါလက်ခံလို့မရ
သလိုဘဲ ငါလည်း မင်းတို့ကိုသီလတောင် ပြန်ပေးလို့မရတော့ဘူးလို့ ဆရာတော်ဘုရားကြီးက မိန့်ပါတယ်” ဟုပြောသည်။
ခေတ်ပြိုင်
Summary
Rest of your post
Posted by
ခြားနားသူ
at
11:48 PM
0
comments
Labels: သတင်း
စစ်အုပ်စုမှ အမေရိကန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်
အောက်တိုဘာ ၅ ရက် ၂၀၀၇
နအဖ အစိုးရဟာ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးတာဝန်ခံကို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါဟာ နအဖက မြန်မာနိုင်ငံမှာသံဃာနဲ့ ပြည်သူလူထုတွေ ဆန္ဒပြမှုတွေကို သွေးထွက်သံယိုမှုတွေနဲ့ နှိမ်နင်းပြီးတဲ့နောက်ပိုင်းမှာ ပထမဆုံးအကြိမ် အမေရိကန်နဲ့ နအဖအဆင့်မြင့်အရာရှိတွေ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထဲရေးဌာ နက၊ြ ကာသပတေးနေ့က ပြောပါတယ်။
“နအဖဟာရန်ကုန်က အမေရိကန်သံရုံးတာဝန်ခံကို သူတို့တင်ပြစရာရှိတာတွေကို ပြောပြဖို့အတွက် နေပြည်တော်ကို ဖိတ်ခေါ်ခဲ့တယ်။”လို့ အမေရိကန်ပြည်ထဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင်း မက်ခ်ကောမက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“နေပြည်တော်မှာ နအဖက သူနဲ့ဘယ်အကြောင်းအရာတွေကို ဘာခေါင်းစဉ်နဲ့ ဆွေးနွေးမလဲဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ခံ ရှာရီဗီလာရိုဆာက မသိသေးပါဘူး။”လို့ ရှောင်းက ပြောပါတယ်။
ဒါပေမဲ့၊နအဖနဲ့တွေ့ဆုံတဲ့အခါမှာ ရှာရီဗီလာရိုဆာက အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရှင်းလင်းပြတ်သားတဲ့ သဘောထားကို ပြောပြဖို့ရှိတယ်။ အဲဒါကတော့ နအဖက အတိုက်အခံဒီမိုကရေစီ အုပ်စုတွေနဲ့ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုနေတဲ့ သူတွေကို အကြမ်းဖက် နှိမ်နင်းနေတာတွေ ရပ်ဆိုင်းဖို့၊ စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့နဲ့ လွတ်လပ်စွာပြောဆို ရေးသားခွင့် ပေးဖို့တွေ ဖြစ်ပါတယ်။
တချိန်ထဲမှာပဲ နအဖဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ့်သတင်းကိုလည်း အစိုးရပိုင်သတင်းတွေ မှာဖေါ်ပြသွား ပါတယ်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံတွေက နအဖ အပေါ် အရေးယူထားတဲ့ စီးပွားရေးအရ ဒါဏ်ခတ်ပိတ်ဆို့မှုတွေကို ထောက်ခံထားတာကို စွန့်လွှတ်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ဆန္ဒရှိတယ်လို့ နအဖ အစိုးရပိုင် ရုပ်မြင်သံကြား သတင်းမှာပြော
သွားပါတယ်။
အမေရိကန်အစိုးရဟာ နအဖ အပေါ် နိုင်ငံရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုနဲ့ သွင်းကုန်ကန့် သတ်မှုအပါအ၀င် စီးပွားရေး ပိတ်ဆို့မှုနဲ့သံတမန်ရေးစတဲ့ ကဏ္ဍတွေမှာအပြင်းအထန် အရေးယူထားပါတယ်။
ပြီးခဲ့တဲ့၊ အင်္ဂါနေ့တုံးက ရန်ကုန်ကိုရောက်နေတဲ့ ကုလသမဂ္ဂအထူးသံတမန် အီဗရာဟင် ဂမ်ဘာရီဟာ
မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ အထိန်းသိမ်းခံ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
နအဖဟာပြီးခဲ့တဲ့၊ ရက်သတ္တပတ်တုံကသူ့ကို ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက်နှိမ်နင်းရာမှာ လူပေါင်း ၂၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ကြာသပတေးနေ့က ထုတ်ဖေါ်ကြေညာခဲ့ပါတယ်။ အဲဒီလူတွေဟာ ဆန္ဒပြသူတွေကို လမ်းဘေးက ရပ်ကြည့်တဲ့သူတွေလို့လည်း ၀န်ခံသွားပါတယ်။
နအဖရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နံပါတ်တုတ်၊ မျက်ရည်ယိုဗုံး၊ မောင်းပြန် သေနတ်တွေနဲ့ပစ်ခတ် ပြီးတော့၊ အကြမ်းဖက် နှိမ်နင်းရာမှာ အနည်းဆုံးလူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။
အေအက်ဖ်ပီ-အေဘီစီ၊ သတင်းကို အန်ဒါမန်ဟီးရိုးမှ ဆီလျှော်အောင် ဘာသာပြန်ထားသည်။
Rest of your post
Posted by
ခြားနားသူ
at
8:00 PM
0
comments
Labels: သတင်း
Saturday, September 29, 2007
၂၉ - ၉ - ၂၀၀၇
ယနေ့ဆန္ဒပြပွဲတွင် စုစုနွေးလည်း ပါဝင်မည်ဖြစ်ကြောင်း ဒီဗီဘီမှ အသံလွှင့်သွားသည်။
Posted by
ခြားနားသူ
at
2:50 AM
0
comments
Labels: သတင်း
စစ်ရာဇ၀တ်ကောင်စာရင်း
၂၉ - ၉ - ၂၀၀၇
သပိတ်မှောက် သံဃာတွေကို ရိုက်နှက်တာ ဖမ်းဆီးတာတာကို တပ်မ ၇၇ က မဟုတ်ဘူးလို့ တပ်မ ၇၇ မှ ဗိုလ်မှူးကြီး တဦးက ပြောပါတယ်။ ဦးအောင်သောင်းနှင့် ဒီပဲယင်း အကြမ်းဖက်မှုမှာ ကြီးကြပ်တဲ့ ဗိုလ်မှူးကြီး သန်းဟန် တို့က အရေးပေါ်ဖွဲ့စည်းထားတဲ့ အဓိကရုဏ်း နှိမ်နင်းရေးအဖွဲ့ဖြစ်လို့ပြော ကြားသည်။ ထိုအဖွဲ့ကို ညကတည်းက စိတ်ကြွဆေးတိုက်ကြွေးထားတယ်လို့ သိရှိရသည်။
စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး နှင့် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း တို့က ညဘက်တွင် သံဃာတော်များနှင့် ပြည်သူများကို ဖမ်းဆီးရန် တာဝန်ယူထားပြီး၊ ဦးအောင်သောင်းနှင့် ဗိုလ်ချုပ် ဌေးဦးတို့က အကြမ်းဖက် နှိမ်နင်းရန် တာဝန်ယူထားကြောင်း သိရှိရသည်။ ဟု ဒီဗီဘီ အသံလွှင့်ဌာနမှ ရေးသားထားသည်။
Posted by
ခြားနားသူ
at
2:33 AM
0
comments
Labels: သတင်း
မုံရွာမလည်း အလံမလှဲ
မုံရွာဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွဲဖို့ ပြင်ဆင်နေ
မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ (သတင်းရယူချိန်)
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် လူထု လှုပ်ရှားမှုများ ထပ်မံ ဖြစ်ပွားလာပါက အကြမ်းဖက် ဖြိုခွဲရန်အတွက် အာဏာပိုင်များက တရပ်ကွက်လျှင် ၁ဝ ခန့်ကို ငွေကြေးပေး၍ ရုံးကြီးရပ်ကွက်တွင် တည်ရှိသည့် မြို့တော်ခန်းမ (မြို့နယ် ရဲစခန်းနှင့် ကပ်ရက်) သို့ ညအိပ်ခိုင်းကာ အင်အား စုဆောင်း နေသည်။
ဒေသခံတဦးက … “ရပ်ကွက်ကနေ မီးသတ်ကနေဆိုရင် ၃ ယောက်၊ စွမ်းအားရှင်က ၃ ယောက်၊ ကြံ့ဖွံ့ ၃ ယောက် မပို့မနေရ ပို့ရတယ်တဲ့။ တယောက်ကို ၁၅ဝဝ ပေးပြီး ခေါ်တာတဲ့။ ဘာလုပ်ရလဲဆိုတော့ ဘာမှတော့ မလုပ်ရဘူး။ မြို့တော်ခန်းမထဲမှာ ညဆို သွားအိပ်နေပြီး မနက်ဆိုရင် ပြန်လာရတာပဲတဲ့။ ဘာမှတော့ မပြောသေးဘူးလေ သူတို့ကို။ လောလောဆယ်တော့ အရန်သင့် ပြင်ထား၊ အဆင်သင့် လုပ်ထားပြီး တခုခုဖြစ်တဲ့အခါ ထချခိုင်းလိမ့်မယ်လို့ သုံးသပ်ကြတယ်ဗျ။
တချို့ ရပ်ကွက် လူကြီးတွေကလည်း စိတ်ညစ်နေတယ်လေ။ ပေးတဲ့ ပိုက်ဆံကလည်း ရပ်ကွက်က ပေးရတာဆိုတော့။ သူတို့လည်း အတော်ဒုက္ခရောက်တယ်။ ရန်ပုံငွေက အရင်တုန်းကပေါ့ဗျာ ရေကြီးတော့ ရေဘေးဒုက္ခအတွက် ဆိုပြီး ကောက်ထားတာ။ တအိမ်ကို ၅ဝဝ ဆိုရင် ၅ဝဝ ထည့်ထားတဲ့ ငွေတွေပေါ့။ လူခေါ်တာကတော့ ၃ ရက်လောက်ပဲ ရှိပါသေးတယ်။ ထမင်းလည်း ကျွေးထားတယ်။ အိပ်ယာလိပ်တွေ ယူစရာ မလိုဘူးဗျ။ သွားတဲ့ သူတွေကလည်းဗျာ အရပ်သမားတွေ များပါတယ်။ နည်းနည်း သက်ဆိုးမရှည်တဲ့ သူတွေ များတယ်။
ပြီးတော့ မြို့တော်ခန်းမမှာပဲ ညတိုင်းကိုလေ ရယက ဥက္ကဌတွေကို အစည်းအဝေး ခေါ်တယ်ဗျ။ ရယက ဥက္ကဌတွေ၊ စာရေးတွေ သွားရတယ်။ မသွားရင် လစာ ဖြတ်မယ်တဲ့။ တယောက်ကို လစာ ဘယ်လောက် ပေးထားတယ် ဆိုတာတော့ မသိဘူးဗျ။ တပတ်လောက် ရှိပြီ။ ဗိုလ်မှူးကြီး မြင့်နိုင်တဲ့ဗျ၊ တပ်ရင်း ၅ဝ ချင်းပြည်နယ်ဘက်က ကန့်ဂေါတပ်ပါ” ဟု ပြောသည်။ (မုံရွာမြို့တွင် ရပ်ကွက်ပေါင်း ၃ဝ နီးပါး ရှိသည်ဟု သိရသည်။) ဟု မဇ္စျိမမှ ရေးသားဖေါ်ပြထားသည်။
Posted by
ခြားနားသူ
at
2:05 AM
0
comments
Labels: သတင်း
အခွင့်အခါကောင်းကို အရယူ
ခိုင်လုံသော သတင်းပေးပို့ ချက်အရ - ဒီနေ့ တွင် ကုလကိုယ်စားလှယ်ရှိနေသောကြောင့် စစ်တပ်မှ အပေါ်ကို ခြောက်လှန့် ထောင်ဖောက်ခြင်းမှ လွဲပြီး ပြစ်ခတ်သတ်ဖြတ်မှုမလုပ်ရန် အထက်မှအမိန့် ပေးထားကြောင်းသိရပါတယ်။ ပြည်သူလူထုနဲ့ အတူ ပူးပေါင်းပါဝင်ကြဖို့ မိမိတို့ နီးစပ်ရာကို အကြောင်းကြားပေးပါ။ဟု နစ်နေမန်းမှ ရေးသားထားသည်။
Posted by
ခြားနားသူ
at
2:01 AM
0
comments
Labels: သတင်း






