နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Saturday, September 29, 2007

ရေနံချောင်းလည်း တိုက်ပွဲဝင်

entry-content'>

မကွေးတိုင်း ရေနံချောင်း မြို့နယ်တွင် သံဃာတော်နှင့် လူထု တသောင်းကျော်က မေတ္တာသုတ်ရွတ် ကြွေးကျော်သံများ တိုင်ကာ လမ်းလျှောက် ဆန္ဒပြသည်။

ရေနံချောင်း မြို့နယ် သံဃာတော် အပါး ၁၅ဝ ခန့်နှင့် တသောင်းကျော် ရှိသော ပြည်သူလူထုများက မြစောညီနောင် ဘုရား၌ ယနေ့ ၁နာရီခန့်လောက်က စတင် ဆန္ဒပြကြခြင်း ဖြစ်သည်။

“အရင်နေ့တွေ မဝတ ရုံးဘက်ကို တက်လေ အခုတော့ မတက်ဘူးတဲ့။ ရွှေဂုံတိုင်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ပြန်ဆင်းလာမယ်လို့ ပြောတယ်။” ဟု ဒေသခံ တဦးက ပြောသည်။

ပြည်သူများက “ကုန်ဈေးနှုန်းများ ကျဆင်းရေး၊ တွေ့ဆုံ ဆွေးနွေးရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး” စသည့် ကြွေးကျော်သံများ အော်ဟစ် သွားကြသည်။ ဟု ဆုံဆည်းရာမှ ရေးသားထားသည်။

No comments: