ဆန္ဒပြမှု အကြီးအကျယ် အစောပိုင်းက ပြုလုပ်ခဲ့သော မိုးကုတ်မြို့တွင် ယနေ့တွင် စစ်ကားနှင့်ရဲ ပူးပေါင်းထားသော ထရပ်ကား ၁၁ စီးက မြို့လယ် လမ်းမများပေါ်တွင် လှည့်ပတ်နေသည်။ ယခင် တပ်စွဲထားသော စစ်တပ် မဟုတ်ဘဲ တပ်အသစ်များ ချထားခဲ့ခြင်း ဖြစ်ပြီး ရဲများလည်း တိုးချထားသည်။
ယမန်နေ့က မိုးကုတ်မြို့တွင် သံဃာတော်များနှင့် ပြည်သူလူထု ၈ ထောင်ကျော်က လမ်းလျှောက် ဆန္ဒပြခြင်း ပြုလုပ်ခဲ့ကြသည်။
မိုးကုတ် ဖောင်တော်ဦးကျောင်းမှ နေ့လည် ၂ နာရီခွဲခန့်တွင် ထွက်ပြီး မြို့တွင်း လှည့်လည်ကာ “လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။” “မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းအေးကြပါစေ။” “ပြည်သူဆန္ဒ ပြည့်ဝပါစေ” ရွတ်ဆိုကာ လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဖောင်တော်ဦး၊ ရုပ်ရှင်ရုံလမ်း၊ အောင်ချမ်းသာလမ်း၊ ရွှေဂုံသာ၊ ပိတ်စွယ်၊ အောင်ချမ်းသာတို့သို့ လှည့်လည်ခဲ့ကြသည်။
အောင်ချမ်းသာ ကျောင်းရှေ့တွင် လုံခြုံရေးများနှင့် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားခါနီး အခြေအနေ ရောက်ရှိခဲ့သော်လည်း ဆန္ဒပြသူများက ရှောင်ကွင်းကာ လူစုခွဲခဲ့သည်။ ဟု ဆုံဆည်းရာမှ ရေးသားထားသည်။
နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်
Saturday, September 29, 2007
တိုက်ပွဲလမ်းပေါ်က မိုးကုတ်
entry-content'>
Subscribe to:
Post Comments (Atom)
No comments:
Post a Comment