နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Saturday, September 29, 2007

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီ

entry-content'>

နအဖအစိုးရ၏ ရက်စက်ရမ်းကားမှုများကို သိနေ တွေ့နေ မြင်နေ ကြားနေကြရသော အလုပ်သမား ၀န်ထမ်းအ ပေါင်းတို့ …. လာမည့် တနင်္လာနေ့တွင် အထွေထွေအလုပ်သမားသပိတ် စတင်ရန်အတွက်၊ အလုပ်ရုံးများ၊ ရုံးများ ကုမ္မဏီများမှအစ မည်သည့် စက်ရုံအလုပ်ရုံမကျန် လုံးဝ လုံးဝ မသွားကြရန်နှင့် ရဟန်းရှင်လူများ ဦးဆောင် လျက်ရှိသော လူထုတိုက်ပွဲကြီးနှင့်အတူ အထွေထွေအလုပ်သမားသပိတ်ကြီး စတင်ကြပါရန် အထူး၊နှိုးဆော်အပ် ပါသည်။ ပြည်သူ့ဝန်ထမ်းဆိုသည်မှာ ပြည်သူအပေါ် သစ္စာစောင့်သိရန် ဖြစ်ပါသည်။ ဘာသာသာသနာနှင့် လူမျိုး ကို ဖျက်ဆီးနေသော နအဖအား စောင့်သိရန်မဟုတ်။ နအဖရဲ့ လည်ပတ်နေတဲ့ အစိုးရယန္တရားမှန်သမျှ ရပ်တန့် စေရန် ပြည်သူ့ဝန်ထမ်းအားကို အစွမ်းကုန် အသုံးပြုကြပါစို့။ ခံစားနေကြရသော ပြည်သူအား ငဲ့ညှာစွာဖြင့် လက် တွဲကြပါစို့။

No comments: