နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Saturday, September 29, 2007

ဒေါက်တာလွဏ်းဆွေ၏အမြင်

entry-content'>

နိုင်ငံရေး step တခု မြှင့်ကို မြှင့်မှဖြစ်မယ်

ကိုဌေးကြွယ်တို့ အုပ်စုဖြစ်ဖြစ် သံဃာတွေနဲ့တိုင်ပင်ပြီး ပြည်သူ့အစိုးရ မြန်မြန်ဖွဲ့ မြန်မြန်ကြေညာပြီး နအဖကို တိုက်မှဖြစ်မယ်။ ပြီးမှ UN ငြိမ်းချမ်းရေးတပ်ကို ၀င်ဖို့ အကူအညီတောင်းရမယ်။ အန်အယ်လ်ဒီစီအီးစီတွေလည်း ဘယ်ရောက်နေမှန်းမသိ။ လွှတ်တော်အမတ်တွေလည်း ဘယ်ဆီမှာလဲ မသိ။ လုံခြုံတဲ့နေရာမှာရှိတဲ့ ကိုဌေးကြွယ် တို့အုပ်စုသာ အစိုးရအဖွဲ့ကြေညာပြီး နအဖကို မြန်မြန်တိုက်ပါ။ အားလုံးကလည်း နိုင်ငံရေး step တခု မြှင့်တဲ့အနေနဲ့ ထောက်ခံကြပါ။ နိုင်ငံရေး step တခုကို မမြှင့်နိုင်ရင် အကုန်လုံး သေကုန်ပါလိမ့်မယ်။ သံဃာတွေနဲ့ တိုင်ပင်ပြီး အစိုးရမြန်မြန်ဖွဲ့ကြပါ။ အစိုးရဖွဲ့ပြီးတိုက်ခြင်းသာ နအဖအမြန်ပြုတ်မယ့်နည်း ဖြစ်ပါတယ်။ ၈၈တုန်းက ဦးနုအစိုးရဖွဲ့တာကိုလည်း မထောက်ခံ၊ ကျန်တဲ့လူတွေကလည်း အချိန်မီ ကြားဖြတ်အစိုးရ (သို့) စင်ပြိုင်အစိုးရမဖွဲ့ခဲ့လို့ ခံခဲ့ရတာပါ။ ဆရာဝင်လုပ်ခြင်းမဟုတ်ပါ။ သံဃာနဲ့ ပြည်သူတွေ များများမသေအောင် စေတနာနဲ့ အကြံပြုတာပါ။

No comments: