နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Saturday, September 29, 2007

မုံရွာမလည်း အလံမလှဲ

entry-content'>

မုံရွာဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွဲဖို့ ပြင်ဆင်နေ
မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ (သတင်းရယူချိန်)

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် လူထု လှုပ်ရှားမှုများ ထပ်မံ ဖြစ်ပွားလာပါက အကြမ်းဖက် ဖြိုခွဲရန်အတွက် အာဏာပိုင်များက တရပ်ကွက်လျှင် ၁ဝ ခန့်ကို ငွေကြေးပေး၍ ရုံးကြီးရပ်ကွက်တွင် တည်ရှိသည့် မြို့တော်ခန်းမ (မြို့နယ် ရဲစခန်းနှင့် ကပ်ရက်) သို့ ညအိပ်ခိုင်းကာ အင်အား စုဆောင်း နေသည်။

ဒေသခံတဦးက … “ရပ်ကွက်ကနေ မီးသတ်ကနေဆိုရင် ၃ ယောက်၊ စွမ်းအားရှင်က ၃ ယောက်၊ ကြံ့ဖွံ့ ၃ ယောက် မပို့မနေရ ပို့ရတယ်တဲ့။ တယောက်ကို ၁၅ဝဝ ပေးပြီး ခေါ်တာတဲ့။ ဘာလုပ်ရလဲဆိုတော့ ဘာမှတော့ မလုပ်ရဘူး။ မြို့တော်ခန်းမထဲမှာ ညဆို သွားအိပ်နေပြီး မနက်ဆိုရင် ပြန်လာရတာပဲတဲ့။ ဘာမှတော့ မပြောသေးဘူးလေ သူတို့ကို။ လောလောဆယ်တော့ အရန်သင့် ပြင်ထား၊ အဆင်သင့် လုပ်ထားပြီး တခုခုဖြစ်တဲ့အခါ ထချခိုင်းလိမ့်မယ်လို့ သုံးသပ်ကြတယ်ဗျ။

တချို့ ရပ်ကွက် လူကြီးတွေကလည်း စိတ်ညစ်နေတယ်လေ။ ပေးတဲ့ ပိုက်ဆံကလည်း ရပ်ကွက်က ပေးရတာဆိုတော့။ သူတို့လည်း အတော်ဒုက္ခရောက်တယ်။ ရန်ပုံငွေက အရင်တုန်းကပေါ့ဗျာ ရေကြီးတော့ ရေဘေးဒုက္ခအတွက် ဆိုပြီး ကောက်ထားတာ။ တအိမ်ကို ၅ဝဝ ဆိုရင် ၅ဝဝ ထည့်ထားတဲ့ ငွေတွေပေါ့။ လူခေါ်တာကတော့ ၃ ရက်လောက်ပဲ ရှိပါသေးတယ်။ ထမင်းလည်း ကျွေးထားတယ်။ အိပ်ယာလိပ်တွေ ယူစရာ မလိုဘူးဗျ။ သွားတဲ့ သူတွေကလည်းဗျာ အရပ်သမားတွေ များပါတယ်။ နည်းနည်း သက်ဆိုးမရှည်တဲ့ သူတွေ များတယ်။

ပြီးတော့ မြို့တော်ခန်းမမှာပဲ ညတိုင်းကိုလေ ရယက ဥက္ကဌတွေကို အစည်းအဝေး ခေါ်တယ်ဗျ။ ရယက ဥက္ကဌတွေ၊ စာရေးတွေ သွားရတယ်။ မသွားရင် လစာ ဖြတ်မယ်တဲ့။ တယောက်ကို လစာ ဘယ်လောက် ပေးထားတယ် ဆိုတာတော့ မသိဘူးဗျ။ တပတ်လောက် ရှိပြီ။ ဗိုလ်မှူးကြီး မြင့်နိုင်တဲ့ဗျ၊ တပ်ရင်း ၅ဝ ချင်းပြည်နယ်ဘက်က ကန့်ဂေါတပ်ပါ” ဟု ပြောသည်။ (မုံရွာမြို့တွင် ရပ်ကွက်ပေါင်း ၃ဝ နီးပါး ရှိသည်ဟု သိရသည်။) ဟု မဇ္စျိမမှ ရေးသားဖေါ်ပြထားသည်။

No comments: