နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Wednesday, February 18, 2009

၂၀၀၉ နှစ်သစ်လက်ဆောင်

entry-content'>

အလင်းတန်း (၉)

ဒီစာကို (၃၅) နှစ်အောက် လူငယ်များအတွက် ရည်ရွယ်ပြီး ရေးပါတယ်။ ဒါကိုဘာလို့ ကြိုပြီးပြောရလဲဆိုတော့ စကားလုံးထဲမှာ နည်းနည်းတင်းမာတာပါရင် လူကြီးတွေက နှာခေါင်းရှုံ့နိုင်လို့ပဲ။ ငါ့အသက် (၄၀) ကျော်ပြီ။ ငါ နဲ့ ရွယ်တူတန်းတူများက သမိုင်းတခုထဲ အတူတူ ဖြတ်သန်းခဲ့ကြသူတွေ၊ ပြီးတော့ ငါ့ထက်လည်း ပိုအလုပ်လုပ် ကြမယ်။ ငါ့ထက်လည်း ပိုပြီး ပညာတတ်ကြပေမယ်လို့ ယူဆပြီး သူတို့အတွက် ပြောဖို့မရှိဘူး။ ငါ့ထက် အသက် (၁၀) နှစ် (၉) နှစ် အနှစ် (၂၀) ငယ်သူများကတော့ ငါ့ထက်ပိုပြီး ထက်မြက်ကြပေလိမ့်မယ်။ ငါ့ထက်လည်း ပိုပ ညာတတ်ကြပေလိမ့်မယ်။ သို့သော်လည်း ဖြတ်သန်းခဲ့တဲ့ ဘ၀ကာလကလေး နည်းနည်းကွဲသမို့ မေ့လျော့ပြီး မစဉ်းစားမိတာများ ရှိကောင်းရဲ့လို့ ယူဆပြီး သူတို့အတွက် ရည်ရွယ်ပြီးရေးပါတယ်။ ငါ့ထက်ကြီးသူများက တော့ ပညာ၊ သဘာ၊ အတွေ့အကြုံ၊ ရင်းနှီးပေးဆပ်ရမှု ကြီးပြီးသားတွေမို့ အထူးတင်ပြဖွယ်မရှိပြီလို့ ခိုင်ခိုင်မာ မာ ယူဆပါတယ်။ (အထူးသဖြင့် ၄၅ နှစ် အထက် လူကြီးတွေ ဖတ်စရာမလိုပါ။)

တော်လှန်ရေး

ဟောင်းနွမ်းဆွေးမြေ့ အလုပ်မဖြစ်တော့တဲ့၊ မကောင်းတော့တဲ့၊ ခေတ်ကာလနဲ့ အံမ၀င်တော့တဲ့ အခြေအနေ ကို ပြုပြင်ပြောင်းလဲပစ်ခြင်းဟာ တော်လှန်ရေးပဲ။ အလွယ်ဥပမာတင်ရရင် ကျွဲ၊ နွားနဲ့ ထွန်ယက်နေရာကနေ လယ်သမားတိုင်း ထွန်စက်နဲ့ အလုပ်လုပ်ကြရင် အဲဒါ လယ်ယာတော်လှန်ရေး၊ စက်မှုတော်လှန်ရေးဖြစ်တယ်။ လယ်ယာတော်လှန်ရေးကြောင့် ဘာအကျိုးကျေးဇူးတွေရလဲ။ လူတွေ အထူးသဖြင့် လယ်သမားလူတန်းစား တွေ ပိုပြီးသက်သာလာမယ်၊ အလုပ်တွေ မြန်ဆန်သွက်လက်လာမယ်၊ စားနပ်ရိက္ခာပိုပြီးထုတ်လုပ်လာနိုင်မယ်။ တော်လှန်ရေးတခု အောင်မြင်တိုင်း အောင်မြင်တိုင်းမှာ တိုးတက်တဲ့ ရလဒ်တွေကိုရမှ အဲဒီတော်လှန်ရေးဟာ မှန်ကန်တဲ့ တော်လှန်ရေးဖြစ်တယ်။

ခေတ်ပြောင်းတော်လှန်ရေး

ခေတ်တခု စနစ်တခု ဆိုးဝါးပျက်သုဉ်းနေပြီလို့ လူထုကယူဆတဲ့အခါ ပြောင်းလဲပြီး အသစ်ကိုအစားထိုးဖို့ တော် လှန်ရေးဆင်နွှဲကြတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကတဆင့် စည်းမျဉ်းခံဘုရင်စနစ်၊ လူထုပါလီမန်ခေတ် ဒီလို ပြောင်းလဲခဲ့ကြတယ်။ ငါတို့ဗမာပြည်လည်း အဲဒီအပြောင်းအလဲ ရေစီးထဲမှာ မလွန်ဆန်နိုင်ခဲ့ပါဘူး။ သက်ဦးဆံ ပိုင်ဘုရင်စနစ်ကိုတော့ ငါတို့လူထုကိုယ်တိုင် တော်လှန်ခဲ့ရတာမဟုတ်ဘူး။ အင်္ဂလိပ်က လာသိမ်းပိုက်ထားရင်း အလိုလို ပျက်ပြယ်သွားတာ။ နယ်ချဲ့စနစ်ကိုတော်လှန်ခဲ့ရတယ်။ အသီးအပွင့်က လွတ်လပ်ရေးပေါ့။ ဒီလိုလွတ် လပ်ရေးရဖို့ မင်းတို့ငါတို့ အဘိုးအဖေ တော်လှန်ရေးသမားများ တော်လှန်တိုက်ပွဲဝင်ခဲ့ကြရတယ်။ အသက်များ စွာ စတေးခဲ့ကြတယ်။

ဒါပေမယ့် မင်းတို့ငါတို့ခေတ် ရောက်တဲ့အထိ လွတ်လပ်ရေးရဲ့ အရသာကို ငါတို့မခံစားရသေးဘူး။ ဘယ်မလဲ လွတ်လပ်ရေး၊ လွတ်လပ်ခွင့်၊ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ လူမှုအဆင့်အတန်း၊ လွတ်လပ်ရေးကို အရယူခဲ့ကြ တဲ့ အာဇာနည် အထောင်အသောင်းရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး ဗမာ့လွတ်လပ်ရေးကို အာဏာငမ်းငမ်းတက် လူတ စုက သိမ်းပိုက်ထားတယ်။ အဲဒီတော့ လိုအပ်တဲ့ လွတ်လပ်ခွင့်ကိုရရှိဖို့ မင်းတို့ငါတို့ရဲ့ ဦးကြီးဦးလေး၊ အဖေတို့ တသက် တိုက်ပွဲဝင်ကြပြန်ရော။ အသက် ၆၀-၇၀ တန်း လူကြီးတွေဟာ ဒီတာဝန်ကိုယူပြီး တော်လှန်ခဲ့ကြတာ တော်လှန်ရေးမအောင်မြင်သေးတော့ အသက် ၄၀-၅၀ အရွယ် ငါတို့ပခုံးပေါ် တော်လှန်ရေးတာဝန်တွေက ရောက်လာပြန်ရော။

တကယ်လို့သာ ငါတို့ခေတ်မှာ မကောင်းတဲ့ခေတ်၊ မလွတ်လပ်တဲ့ခေတ်၊ လူချင်းတူမျှခွင့်မရှိတဲ့ စနစ်ဆိုးကို အောင်မြင်အောင် မပြောင်းနိုင်ဘူးဆိုရင် တို့အောက် အသက် ၂၀-၃၀ ငယ်တဲ့ လူငယ်တွေရဲ့ ပခုံးပေါ်ကို ခေတ်ပြောင်းတော်လှန်ရေးတာဝန်တွေ လွှဲပြောင်းပေးရပြန်ဦးမယ်။ အဲဒါကို စဉ်းစားမိတဲ့အခါ အပြစ်မဲ့ ကလေး သူငယ်တွေရဲ့ မျက်နှာကိုမြင်ယောင်ပြီး အတော်ကို စိတ်မကောင်းစရာဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း အ တော်စိတ်ပျက်စရာ ဖြစ်ဖြစ်လာတယ်။

ငါက ငါ့ထက် အသက် ၂၀-၃၀ ကြီးတဲ့ လူတွေကို ခင်ဗျားတို့ အောင်မြင်အောင် မကြံနိုင် မလုပ်နိုင်လို့ ကျုပ်တို့ ခေတ်အထိ ခေတ်ဆွေး ခေတ်ပျက်၊ မကောင်းတဲ့ မလွတ်လပ်တဲ့ခေတ်ကြီး အမွေကျန်နေရတယ်လို့ ပြောသလို (ဒီလိုပြောတော့ ခေတ်နှစ်ခေတ် သုံးခေတ်တိုင်အောင် ဘ၀တွေအသက်တွေ ရင်းနှီးပေးဆပ်ခဲ့ကြတဲ့ ဘိုးတော်၊ နောင်တော် တော်လှန်ရေးသမားတွေကို စော်ကားမော်ကား ပြောရာရောက်နေပေမယ့် ဖြစ်စဉ်တရားအရ ဒီလို ပဲ ပြောရမှာဖြစ်တယ်။ တော်လှန်ရေးတာဝန်ကျေတယ်၊ ဒါပေမယ့် ခေတ်ကောင်းရောက်အောင် မကြံနိုင် မစွမ်း နိုင်ဘူး။) ငါတို့ခေတ်မှာ အောင်မြင်အောင် မကြံနိုင် မလုပ်နိုင်ဘူးဆိုရင် ငါတို့အောက် အသက် ၂၀-၃၀ ငယ်တဲ့ ကလေးတွေကလည်း ငါတို့ကို မပြောပေဘူးလား။ မင်းတို့ခေတ်ကြရင်လည်း နိုင်အောင်မကြံနိုင်လို့ကတော့ အ ငယ်တွေကလည်း အဲဒီလိုမပြောဘဲ နေမတဲ့လား။

ဒီတော့ သမိုင်းပေးတာဝန်အရ မကောင်းတဲ့ခေတ်ကို ပြောင်းလဲဖို့ ခေတ်ပြောင်းတော်လှန်ရေး လုပ်တဲ့နေရာမှာ တထောင့်တနေရာကနေ အနှစ်သာရရှိရှိ ငါတို့ပါဝင်သင့်တယ်။ မလွဲမသွေ ပါဝင်လုပ်ဆောင်ရမယ့် ၀တ္တရားတ ရပ်လည်းဖြစ်တယ်။ မကောင်းတဲ့ခေတ်ကို ပြောင်းလဲဖို့ ခေတ်ပြောင်းတော်လှန်ရေးကို လုပ်ကိုလုပ်ရမယ်လို့ အ ရိုးထဲ အကြောထဲကကို စိမ့်နေအောင် နှလုံးသွင်းရမယ်။ ခေတ်ကောင်း စနစ်ကောင်းကို ရောက်နေရင်တောင်မှ မကောင်းတဲ့ စနစ်ဆိုး ၀င်မလားရေး အခြေမချနိုင်ရေးအတွက် ကောင်းတဲ့ခေတ်ကို ကာကွယ်ပြီး ကောင်းသ ထက်ကောင်းအောင် ပြုပြင်မွမ်းမံရမယ်ဆိုတာကို ဂါထာရွတ်သလို နှလုံးသွင်းထားရမှာဖြစ်တယ်။ အထူးသဖြင့် တော်လှန်ရေးကို မစားကောင်းတဲ့အသီးလို ရှောင်ဖယ်ဖယ် လုပ်နေသူများအနေနဲ့ ပိုပြီးနှလုံးသွင်းကြရမှာဖြစ် တယ်။

တော်လှန်ရေးသမား

ခေတ်ဆွေးခေတ်ဟောင်း မကောင်းတဲ့စနစ်ဆိုးကိုပြောင်းလဲဖို့ ကြိုးစားနေသူတိုင်းဟာ တော်လှန်ရေးသမား တွေ ဖြစ်တယ်။ အမျိုးမျိုးအစားစား ကွဲပြားနေကြတယ်။ နယ်ပယ်အသီးသီးကနေ ပြုပြင်ပြောင်းလဲရေးအတွက် ကိုယ်သန်ရာသန်ရာ ကဏ္ဍကနေ ကြိုးစားနေကြတယ်။ တော်လှန်ရေးသမားတိုင်းရဲ့ ဆုံမှတ်ဦးတည်ရာက တော့ လူသားဆန်ဆန် လွတ်လပ်ခွင့်ရရှိရေးပဲ။ ဘယ်လိုပဲ ကဏ္ဍတွေကွဲကွဲ၊ ကိုင်စွဲတဲ့မူအားဖြင့် (၂) မျိုးပဲရှိ တယ်။ အဲဒီ (၂) မျိုးက လက်နက်မကိုင်သော တော်လှန်ရေးသမားများနဲ့ လက်နက်ကိုင်သော တော်လှန်ရေး သမားများပဲဖြစ်တယ်။ အဲဒီ (၂) မျိုးထဲက ဘယ်ပုံစံမှာပဲလုပ်လုပ် ရန်သူထိတ်လန့်လေးစားအောင် လုပ်နိုင်ခြင်း ဟာ တော်လှန်ရေးသမားတို့အတွက် အောင်မြင်မှုပဲ။ ရန်သူက ထိတ်လန့်ပြီး လူထုရဲ့ချစ်ခင်မှုကိုရမှ တော်လှန် ရေးသမားကောင်းတွေဖြစ်မှာ အမှန်ပဲ။

တော်လှန်ရေးသမားများထဲမှာ (၂) မျိုးကွဲပြန်တယ်။ တော်လှန်ရေးလုပ်နေသူနဲ့ နိုင်အောင်လုပ်တဲ့လူ ဒီလို နှစ်မျိုးနှစ်စားခွဲပြီး သိရမယ်။ ဆရာတယောက်ကတော့ သုံးမျိုးသုံးစားလို့ဆိုတယ်။ နောက်ထပ်တမျိုးက တော် လှန်ရေးလုပ်စားသူလို့ဆိုတယ်။ ငါကတော့ အဲဒီတစားကို သိလည်းမသိဘူး။ တော်လှန်ရေးသမား စာရင်းထဲ လည်း မထည့်ဘူး။ သိအောင်လည်း မကြိုးစားဘူး။ မင်းတို့လည်း အဲဒီတစားကို သိအောင်လည်း မကြိုးစားနဲ့ စာရင်းထဲလည်း မထည့်နဲ့။

စောစောကပြောတဲ့ တော်လှန်ရေးသမား (၂) မျိုးကို ပြန်ကောက်မယ်။ တော်လှန်ရေးလုပ်နေသူဆိုတာက ကိုယ် လုပ်နေတဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင် ဂဃနဏ သဘောမပေါက်သူသော်လည်းကောင်း၊ ၀ါဒလက်ကိုင် မရှိသူ သော်လည်းကောင်း၊ အများနောက် ရေစီးရာမျောပါနေသူသော်လည်းကောင်းဖြစ်တယ်။ သူက များများ မတွေးဘူး။ ရှေ့မသွားဘူး။ တာဝန်ကျေသဘောလောက်ပဲ လုပ်နေတဲ့လူကို ဆိုလိုတယ်။ ၀တ်ကျေတန်းကျေ တော်လှန်ရေးသမားလို့ ဆိုရမှာပေါ့။ ဒါပေမယ့် တနေ့မှာ သူ့ရဲ့ယုံကြည်ချက်တွေ၊ ခံယူချက်တွေ ပြင်းထန်ခဲ့ရင် သူ့ရဲ့ အတွေးအကြံတွေ ရှင်သန်ထမြောက်လာခဲ့ရင်တော့ တော်လှန်ရေးကို စိတ်ထဲကတောင် နည်းနည်းမှ မ တွေးထား မလုပ်ထားတဲ့ သူထက်စာရင် တော်လှန်ရေးသမားကောင်းတယောက် ဖြစ်လာမှာအသေအချာပေါ့။

နောက်တမျိုးတစားက တော်လှန်ရေးကို နိုင်အောင်လုပ်တဲ့သူ။ သူကတော့ မင်းတို့ထင်သာမြင်သာရှိပါတယ်။ မင်းတို့ရဲ့ အကြည့်တချက် ၀င့်လိုက်ရုံ၊ မင်းတို့ရဲ့နား တချက်စွင့်လိုက်ရုံ၊ မင်းတို့ရဲ့ စိတ်အတွေးတချက် ဖွင့် လိုက်ရုံနဲ့တင် အဲဒီတော်လှန်ရေးသမားကောင်းတွေကို ထင်သာမြင်သာ ရှိလာမှာပဲ။ အဲဒီတော်လှန်ရေးသမား တွေရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေကို မလွဲမသွေ တွေ့မြင်ကြားသိနေကြရမှာပဲ။ တော်လှန်ရေးကို နိုင်အောင်လုပ် တဲ့ သူရဲ့ စိတ်အကြံ စိတ်အတွေးတွေ အားလုံးနီးပါးဟာ တော်လှန်ရေးအကျိုးစီးပွားကိုပဲ ရှေ့ရှုတယ်။ တိုက် ကွက်ဗျူဟာအသစ်တွေ ခင်ကျင်းတယ်။ တိုက်ပွဲရဲ့ရှေ့ကဦးဆောင်သွားတဲ့ တော်လှန်ရေးတပ်မှူးကောင်းများ အဖြစ်နဲ့ တွေ့နိုင်သလို တိုက်ပွဲဝင်ရာမှာ ဦးလည်မသုန် နောက်မရွံ့စတမ်း တာဝန်ထမ်းနေတဲ့ တော်လှန်ရေး တပ်သားကောင်းတွေအဖြစ်လည်း တွေ့နေကြရမှာဖြစ်တယ်။ အဲဒီတိုက်ပွဲတွေဆီက ဘယ်လိုရလဒ်မျိုးကိုဖြစ် ဖြစ်မတုန်လှုပ်စတမ်း ခံယူဖို့အသင့်ရှိနေတယ်။ မင်းတို့ငါတို့အတွက် နမူနာကောင်းတွေလည်းဖြစ်တယ်။ တော် လှန်ရေးသမားတွေဟာ ခေတ်စနစ်ကောင်းမွန်ဖို့အတွက် သူတို့ရဲ့ ဘ၀ကို စတေးခံပြီး ကြိုးစားနေကြတယ်ဆို တာကို နားလည်ထားရမယ်။

တော်လှန်ရေးသမားရဲ့ စိတ်အခြေခံ

တရားသဘင်တခုမှာ ဗုဒ္ဓက သူ့ရဲ့ပရိသတ်ကို အမေးတခုထုတ်ခဲ့ဖူးတယ်။ သီလကို ဘာကြောင့် စောင့်ထိန်းကြ လဲလို့ အမေးရှိပါတယ်။ အများစုက ကုသိုလ်ရဖို့ (ကောင်းမှုအကျိုးရဖို့)လို့ ဖြေပါတယ်။ အဲဒီအခါ ဗုဒ္ဓက ဟုတ် တယ် မှန်ပါတယ်၊ ဒါပေမယ်လို့ ပညာရှိသူတော်ကောင်းများရဲ့ သီလစောင့်ထိန်းပုံက ဒီလိုရှိတယ်လို့ဆိုပြီး သီ လစောင့်ထိန်းနည်းကို သင်ကြားပေးခဲ့တယ်။ မကောင်းမှုလုပ်ရမှာကို ရှက်ခြင်း၊ ကိုယ်ချင်းစာစိတ်ထားခြင်းတို့ ကို အခြေခံပြီး သူတော်ကောင်း ပညာရှိတွေက မကောင်းမှုကို မကျူးလွန်ဘဲ ထိန်းသိမ်းအပ်တဲ့ သီလကို စောင့် ထိန်းတယ်လို့ သင်ကြားပေးခဲ့တယ်။ တော်လှန်ရေးသမားရဲ့ စိတ်အခြေခံဟာလည်း ဒီအချက်ဘဲဖြစ်တယ်။ မ ကောင်းမှုကို မနှစ်သက်ခြင်းနဲ့ မကောင်းမှုဒဏ် ခံနေရသော ပြည်သူလူထုအပေါ် ကိုယ်ချင်းစာစိတ်ထားခြင်း စိတ်အခြေခံပေါ်မှာ မူတည်ပြီး မိမိကိုယ်မိမိ တော်လှန်ရေးသမားအဖြစ်ခံယူကာ ခေတ်ပြောင်းတော်လှန်ရေး လုပ်နေကြတာဖြစ်တယ်။

တော်လှန်ရေးသမားအဖြစ် ခံယူခြင်း

မင်းတို့ရောက်ရှိနေတဲ့ ကာလရဲ့ မင်းတို့ရဲ့ အမိမြေဟာ မတော်မတည့်ဖြစ်နေရင် တည့်မတ်အောင်လုပ်ဖို့ရာ မင်းတို့ရဲ့ လက်ရှိတာဝန်ဖြစ်နေတယ်။ တည်ဆဲကာလမှာ မတရားမှု ကြီးစိုးနေတယ်ဆိုရင် တရားမျှတမှုရှိ အောင် ထူထောင်ဖို့ မင်းတို့ငါတို့မှာ တာဝန်အပြည့်ရှိနေတယ်။ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်နေသူများနဲ့ မတ ရားမှုကို တွန်းလှန်ဖို့ တော်လှန်ရေးလုပ်နေသူများကြားမှာ မင်းတို့အနေနဲ့ ဘက်တဘက်ဘက်ကို ရွေးချယ်ရမှာ အမှန်ပဲဖြစ်တယ်။ ဘက်မလိုက်ဘဲ ကြားနေခြင်းဟာ မကောင်းမှုဘက်ကို လိုက်လိုက်တာနဲ့ အတူတူပဲဆိုတာ နည်းနည်းကလေး တွေးကြည့်လိုက်တာနဲ့တင် သိနိုင်တယ်။ ခေတ်ကာအခြေအနေအရ ငါ့ ညီများ ညီမများအ နေနဲ့ ရွေးချယ်စရာ လမ်း (၃) သွယ်ပေါ်လာတယ်။ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်ပြီး တိုင်းပြည်တခုလုံးကို အာ ဏာနဲ့ စိုးမိုးဗိုလ်ကျသူများနဲ့ ပေါင်းမလား၊ မတရားမှုကို တွန်းလှန်ပြီး ခေတ်ကာလကောင်းအောင် ပြုပြင်မယ့် တော်လှန်ရေးသမားလုပ်မလား၊ ဘယ်ဘက်မှ မလိုက်ဘူးဆိုပြီး ဖိနှိပ်မှုများကိုခံပြီး ဖိနှိပ်သူများကိ အသံတိတ် ထောက်ခံနေမလားဆိုတဲ့ လမ်း (၃) သွယ်ပဲ။ ခေတ်ပြောင်းတော်လှန်ရေးအလုပ်ဆိုတာ မကောင်းတာကို ကောင်းအောင်ပြုပြင်တဲ့ အလုပ်ဖြစ်တယ်လို့ အထက်မှာ အထပ်ထပ်ပြောခဲ့ပြီးတာမို့ ငါ့ညီများ ညီမများကို ဗိုလ် အောင်ဒင်ဇာတ်ကားထဲက ဂန္ထ၀င်စကားတခွန်းတော့ ပြောလိုက်ချင်ပါတယ်။

“ဒီမယ် မမြ၀င်း၊ လှေနံနှစ်ဖက်နင်းမယ့်အတူတူ၊ ဟောဒီ ဗိုလ်အောင်ဒင် တဘက်ထဲကိုသာ ရဲရဲကြီး နင်းချ လိုက်စမ်းပါ” တဲ့။ ကဲ … ဒီလိုပဲ ငါ့ညီများ ညီမများအနေနဲ့ တော်လှန်ရေးဘက် တဘက်ထဲကိုသာ ရဲရဲပါဝင်ပါလို့ ပြောချင်ပါတယ်။

ဒီစာရဲ့ ခေါင်းစဉ်

ဖတ်ခဲ့ပြီးသမျှကို ပြန်စဉ်းစားပါ။ အနှစ်ချုပ်က မကောင်းတဲ့ခေတ် အခြေအနေကို ကောင်းအောင်ပြုပြင်သော အလုပ်သည် ဘုရားအစရှိသော သူတော်ကောင်းများ နှစ်ခြိုက်သော အလုပ်ဖြစ်သည်လို့ တွေ့ရမှာဖြစ်တယ်။ လူ့ဘ၀ကို ကံသုံးပါးဖြစ်တဲ့ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးနဲ့ မောင်းနှင်တယ်လို့ သဗ္ဗညုဗုဒ္ဓ ဟောကြားခဲ့တယ်။ တော် လှန်ရေးသမားအဖြစ် ခံယူရာမှာလည်း ကိုယ်နှုတ်နှလုံးသုံးပါးနဲ့ ညီညွတ်နေရမှာဖြစ်တယ်။ စိတ်နှလုံးထဲက တော့ မတရားမှုကို နှစ်ခြိုက်မှုမရှိဘူး။ တရားတာကိုသာ ကြိုက်နှစ်သက်တယ်ဆိုရင်ဖြင့် မနောကံ (စိတ်) အား ဖြင့် တော်လှန်ရေးသမားဘ၀ ရောက်ပါပြီ။ ကာယကံမြောက် ကိုယ်တိုင်လုပ်ဖို့နဲ့ ၀စီကံမြောက် ထုတ်ဖော်ပြော ဆိုဖို့သာ လိုနေသေးတာမဟုတ်လား။ ဒီစာရဲ့ခေါင်းစဉ်က အသံထွက် ရွတ်ဖတ်ရမှာဖြစ်တဲ့အတွက် ကိုယ့်လိပ် ပြာကို ကိုယ်ပြန်မေးပါ။ ငါ တကယ်ပဲ မတရားမှုကို မနှစ်ခြိုက်တာလား၊ မတရားမှုကို တကယ်တော်လှန်ချင်တာ လား၊ တိကျခိုင်မာတဲ့ အဖြေတခုခု ရပြီဆိုရင်တော့ ခပ်တိုးတိုးလေးဖြစ်ဖြစ် (ကိုယ့်လိပ်ပြာ ကြားရုံလေးဖြစ်ဖြစ်) စာရဲ့ခေါင်းစဉ်ကို အသံထွက် ရွတ်ကြည့်လိုက်ပါ။

ငါ … တော်လှန်ရေးသမား

ခေတ်ပြောင်းတော်လှန်ရေးဘက် မလိုက်သူသည် မကောင်းသော စနစ်ဆိုးကို ဖက်တွယ်နေလိုသူသာလျှင်ဖြစ်သည်။

(ငါတို့ဘက်လိုက်ကြရမည်)

အလင်းတန်း (၉)

1 comment:

မန်းကိုကို said...

ဟေ .. မဖတ်ရဖူးလားကွ .. ဖတ်တော့ ဖတ်ပါရစေကွာ၊ ငါတို့အသက်ကြီးသူတွေက နားလည်ပေးတတ်ကြတော့ ပိုမကောင်းဘူးလား။
မင်းတို့လူငယ်အချင်းချင်းဆိုရင် ထသတ်ကြပြီး အလဟဿအသက်တွေဆုံးကုန်ရင် မခက်ဘူးလားကွ။
အသက်ကြီးသူတွေမှာ ပညာတတ်တာထက် အတွေ့အကြုံတွေက နည်းနည်းပိုများကြတာပါကွာ၊ ယူတတ်ရင် အင်မတန် တန်ဖိုးရှိတာတွေရှိပါတယ်။
ကိုယ်တိုင်လည်း အဲဒီအရွယ်တွေ မလွဲမသွေရောက်ရအုံးမှာ မဟုတ်လား။
ဆရာလုပ်တာတော့ မဟုတ်ပါဘူးကွာ .. စိတ်တက်ကြွလွန်းပြီး သတိလွတ်မှာ စိုးလို့ပါ။