နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Tuesday, August 26, 2008

စွယ်တော်ရွက်တွေအဖြစ်နဲ့ မလဲနိုင်ခဲ့ကြဘူး

entry-content'>

မိုးသားတွေညို့နေဆဲပါ
လက်တွေထွဲထားရုံကလွဲလို့
မစို့မပို့ မျက်ရည်များ
ကျမပြခဲ့ကြဘူး။

ခရီးတခုမှာ
တခါတရံ
အဆိပ်အတောက်အဖြစ်နဲ့ ရပ်ပစ်
အိပ်မက်ဟာ
ခေတ်ပျက်ထဲ စွန့်ပစ်ခံခဲ့ရ
လိုတာထက်ပိုသွားမလား
စိုးရိမ်စိတ်နဲ့
ထုပ်ပိုးသိမ်းဆည်းမဲ့ အကြည့်တွေလည်း
ဖြည်မချခဲ့ကြဘူး
အနာဂတ်အခင်းအကျင်းမှာ
တရင်းတနှီး မရှိနိုင်တာသိလည်း
ဒီချစ်စိတ်နဲ့ နေပွင့်ခဲ့
ဒီချစ်စိတ်နဲ့ မိုးရွာခဲ့
ဒီချစ်စိတ်နဲ့ နှင်းကျခဲ့
ငါတို့ဟာ ရာသီဥတုဖြစ်တယ်
ငါတို့ဟာ ကောင်းကင်အရောက်ထိုးတက်မယ့် အမြင့်ပျံငှက်တွေဖြစ်တယ်
ငါတို့ဟာ ရင်တခွင်လုံးပန်းပျိုးမယ့် ဥယျဉ်မှူးတွေဖြစ်တယ်
ငါရဲ့ နှင်းဆီဝါမရေ
အဲဒီအချစ်စိတ်နဲ့
ဒို့နှစ်ယောက်
စွယ်တော်ရွက်တွေအဖြစ်နဲ့ မလဲနိုင်ခဲ့ဘူး။

ကောင်းငယ် - ရင်း ၈ (ကွယ်လွန်)


Rest of your post

No comments: