နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Sunday, August 24, 2008

ဒီမိုကရေစီသူရဲကောင်းများနေ့ကို အထိမ်းအမှတ်ပြုခြင်း

entry-content'>

သံဆူးကြိုးပေါ်က လရိပ်




၁။
၉၀ ဖေဖေါ်ဝါရီ ၂၂ ရဲ့
သင်္ချိုင်းမြေမှာ
မီးခိုးဖြူတွေလွင့်ပါး
တစတစမှုန်ဝါး
အမေ ထွက်ခွာသွားပြီ။

၂။
၅၂ နှစ်
အချစ်နဲ့ဒေါသတရား
တ၀မ်းတခါးနဲ့မာန
လမ်းဘေးဈေးသည်မရဲ့ဈာပန
ဘယ်သူမျက်ရည်ကျရဲပါသလဲ။

ပေးဝေရင်းနှီး တဲ့
သမီး-၃ သား-၃
လူတလုံး သူတလုံး
အမေရယ် အတွေးမှဆုံးသွားရှာရဲ့လား။

မနုသတ္တ ဒုလ္လဘ တဲ့
ရခဲလှသတဲ့ လူ့ဘဝ
ဗုဒ္ဓဒေသနာ
ဝါ၀င် ၀ါထွက်အိပ်မက်
အမေ တပ်မက်ရဲပါအုန်းမလား။

လူသားတယောက်ရဲ့ဘ၀ခရီး
ပြီးစလွယ်နိုင်လွန်းစွာ
သံသရာတောမီးမှာ
ထီးမပါ ဖိနပ်မပါ
ညောင်ပင်ကြီးလဲမပါ၊ ညောင်စေ့လဲမပါ
အားနာနာနဲ့ဆုတောင်း
အမေလည်း ကောင်းရာသုဂတိလားပါစေ။

၃။
အမေ့ဈာပန
သံတိုင်တွေကြားက ၅ည သား
အတွေးနဲ့ပို့သ
တဘ၀စာ
ဒါဏ်ရာရခဲ့သူ

ထက်မိုး (ကျဆုံးကွယ်လွန်)
(၂၂ ဖေဖေါ်ဝါရီ ၁၉၉၂ ရက်နေ့တွင် ကွယ်လွန်သွားသော မိခင်အား ရည်စူး၍ ထောင်ထဲတွင် ရေးသားသော ကဗျာ)

Rest of your post

No comments: