နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Tuesday, June 3, 2008

၉၀ ပြည့် ရွေးကောက်ပွဲရလာဒ် ပျက်ပြယ်ပြီဆိုသည့် စစ်အုပ်စု၏ ဖေါ်ပြချက်များအား NLD ပယ်ချ

entry-content'>

စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံမူကြမ်းကို ပြီးခဲ့တဲ့ လူထုဆန္ဒခံယူပွဲကတဆင့် ထောက်ခံမှု ရရှိခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် NLD ပါတီ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ရလာဒ်ကို ပယ်ဖျက်လိုက်သလို ဖြစ်သွားပြီလို့ စစ်အစိုရ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
၉၀ ခုနှစ်ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်အနိုင်ရခဲ့တဲ့ ရလာဒ်ဟာ ပျက်ပြယ်သွားတဲ့အကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတာပါ။
သတင်းစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်နံမည်နဲ့ NLD နံမည်တွေကို ဖော်ပြထားခြင်းမရှိပေမယ့် အတိုက်အခံတွေအနေနဲ့ အုပ်ချုပ်ပိုင်ခွင့် အာဏာရဖို့ စစ်အစိုးရပြောထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ယှင်ပြိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၉၈% မဲပေးခဲ့တဲ့အထဲက ၉၂%က ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထောက်ခံခဲ့တယ်လို့ စစ်အစိုးရက ပြောပေမယ့် NLD ကတော့ ဒီရလာဒ်ကို ပယ်ချထားပါတယ်။
VOA (03 – 06 – 08)


Rest of your post

No comments: