နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Friday, October 5, 2007

ဗမာပြည်ကွန်မြူနစ်ပါတီ၏ထုတ်ပြန်ချက်

entry-content'>

ဗိုလ်သန်းရွှေ၏ ကမ်းလှမ်းချက်သည် တည်ကြည်လေးနက်သော ဆွေးနွေးပွဲ မဖြစ်နိုင်
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက် (အမှတ် ၅/၂၀၀၇)
၅ - ၁၀ - ၂၀၀၇
ဂန်ဘာရီထွက်သွားတာနဲ့ တဆက်ထဲမှာ ဗိုလ်သန်းရွှေက ကြိုတင်စည်းကမ်းချက်များချမှတ်ပြီး အဲဒီစည်းကမ်းချက်တွေကို သဘောတူရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောမယ်လို့ ကြေညာလိုက်ပါတယ်။
၁။ ဒီလိုပြောလာရတာဟာ ဂမ်ဘာရီနားချလို့ ဆိုတာထက် ပြည်တွင်းက သံဃာတော်များ၊ ကျောင်းသားများနဲ့ ပြည်သူများရဲ့ တိုက်ပွဲဝင်မှုကြောင်းလို့ ဆိုရပါမယ်။ ဒီလှုပ်ရှားမှုကြီးသာ မပေါ်ပေါက်ခဲ့ရင် ဒီအချိန်မှာ ဂမ်ဘာရီဒီနိုင်ငံကို ရောက်လာစရာ အကြောင်းမရှိဘူး။
၂။ ဗိုလ်သန်းရွှေ ထုတ်ပြန်လိုက်တာဟာ သူ့လက်က လိုက်လျောချက်မပါဘဲ ဒေါ်အောင်ဆန်းစုကြည်ဘက်က လျော့ပေးရမယ့် အချက်တွေချည်း ဖေါ်ပြထားပါတယ်။ ဆွေးနွေးပွဲမှမစသေးဘူး လက်နက်ချခိုင်းနေပါပြီ။
၃။ ဒီနှစ်ဘက်တွေ့ဆုံပွဲ တက်မတက်၊ တက်ရင်ဘာတွေပြောမယ် စတာတွေဟာ သူတို့ချင်းကိစ္စမို့ ဗကပအနေနဲ့ စကားဦးသန်း ဘာမှ မပြောလိုပါ။
၎။ တခုပဲ အကြံပြုချင်ပါတယ်။ ဒီနေ့ဗမာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ကသောင်းကနင်းနဲ့ မတည်မငြိမ်ဖြစ်နေရတာတွေနဲ့ ပတ်သက်လို့ ဗိုလ်သန်းရွှေမှာ အဓိက တာဝန်ရှိတယ်လို့ပြောရင် လူတိုင်းလက်ခံမှာပါ။ ပုံပြင်ခဲမှာ ထိသမျှရွေဖြစ်တယ်လို့ ပါ ပါတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေကတော့ သူထိသမျှဟာ သူ့အတွက်ပဲရွှေဖြစ်ပြီး ပြည်သူအများအတွက်တော့ မွဲဆေးပဲဖြစ်ခဲ့ ပါတယ်။ တတိုင်းပြည်လုံး ဒီလိုဖြစ်နေချိန်မှာ ဗိုလ်သန်းရွှေဟာ ဦးနေ၀င်းကို အတုယူသင့်ပါတယ်။ ဦးနေ၀င်းဟာ တိုင်းပြည် အခြေအနေ၊ အထူးသဖြင့် စီးပွားရေးကို သူမထိန်းနိုင်တော့ဘူးလို့ မြင်လာတဲ့အခါမှာ သူ့သျှောင်သူဆွဲပြီး ပုလ္လင်ပေါ်က ဆင်းသွားခဲ့ပါတယ်။
ဗိုလ်သန်းရွှေတယောက် ဦးနေ၀င်းလို သတ္တိမျိုး ရှိပါလေစ။

Rest of your post

No comments: