နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

နအဖ မိစ္ဆာတပ်တွေ ဘုရားကိုခေါင်းဖြတ်သတ်ကြသည်

Saturday, October 6, 2007

ကရင်နီတပ်မတော်မှ နအဖ စခန်းတခုအား သိမ်းပိုက်

entry-content'>

5 10 2007
ကရင်နီတပ်မတော်မှ လွိုင်ကော်မြို့အနီးရှိ နအဖစခန်းတခုကို ယမန်နေ့ အရုဏ်တက်ချိန်တွင်
ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူ တဦးက ပြောသည်။

KNPP တွဲဖက်အတွင်းရေးမှူး ခူးဦးရယ်က ယမန်နေ့က ကရင်နီတပ်မတော်နှင့် နအဖ တပ်တို့ နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတခုတွင် နအဖဘက်မှ (၃) ဦးသေဆုံးကြောင်းနှင့် လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ပြောသည်။

၎င်းက “ပထမတိုက်ပွဲက မြို့တော်လွိုင်ကော်နဲ့ (၃) မိုင်လောက်သာဝေးတဲ့ နေရာမှာရှိတဲ့ နအဖရဲ့ ခလရ (၅၄) က စခန်းတခုကို စီးနင်းတိုက်ခိုက်တာ၊ မနက် (၅) နာရီလောက်မှာဖြစ်တယ်။ နအဖ စစ်သားအလောင်း (၃) လောင်းရတယ်၊ အမ်အေ (၄) လက်ရတယ်၊ ဘီအေ -၁၀၀ (၁) လက်
ရတယ်။ ခဲယမ်းအချို့သိမ်းဆည်းရမိတယ်လို့ ကျနော်တို့ ရှေ့တန်း တပ်ဖွဲ့ဆီက သတင်းဝင်လာ
ပါတယ်။ အဲဒီစခန်းက မြို့နဲ့တအားနီးတော့ ကျနော်တို့ ရေရှည်ထိန်းထားလို့ရတဲ့ အခြေနေတော့ မဟုတ်ဘူး” ဟု ပြောသည်။

အလားတူ ယမန်နေ့ နံနက် (၈) နာရီခန့်တွင် ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာအနီးတွင် ခမရ (၃၃၇) စစ်ကြောင်းတခုနှင့် ကရင်နီတပ်ဖွဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲသတင်း အသေး စိတ်ကို မသိရသေးဟု ခူးဦးရယ်က ပြောသည်။

ခေတ်ပြိုင်


Rest of your post

No comments: